Blog
မျက်လုံးယားယံခြင်းဟာ လူအများစု ဖြစ်လေ့ရှိတဲ့ရောဂါတစ်ခု ဖြစ်မယ်လို့ထင်ပါတယ်…
မျက်လုံးယားယံခြင်းဆိုတာ မျက်လုံးအတွင်းကမျက်သားများ အနီရောင်သန်းလာပြီး မျက်ရည်မကြာခဏထွက်နေခြင်း၊ ယားယံပြီး ပူစပ်ပူလောင်ဖြစ်ခြင်း၊ ရွစိ ရွစိနဲ့ နေရခက်နေခြင်း ဖြစ်ပါတယ်။
📌 မျက်စိယားယံခြင်း ဖြစ်ပေါ်လာတဲ့အခါ မျက် လုံးအတွင်းပိုင်းက ယားယံပြီးနေရခက်နေတော့
🔸 ခဏတိုင်းမျက်လုံးကို ပွတ်မိခြင်း
🔸 မျက်လုံးအတွင်းမှာ နာကျင်နေခြင်း
🔸 မျက်လုံးထဲ အမှုန်ဝင်နေသလို ခံစားရခြင်း
🔸 အလင်းရောင် တုံ့ပြန်နိုင်စွမ်း နည်းလာခြင်း
🔸 ထူထဲပြီး စေးကပ်တဲ့ မျက်ချေးတွေ ထွက်လာခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။
📌 ဒီလိုမျိုးတွေဖြစ်လာပြီး မသက်သာပါကအနည်းဆုံး ၄၈ နာရီအတွင်း နီးစပ်ရာ မျက်စိဆေးခန်းမှာ သွားရောက်ပြသသင့်ပါတယ်ခင်ဗျာ။
📌 အကယ်၍ ကုသမှုမပြုလုပ်ဘဲ ပေါ့ဆနေခဲ့မယ်ဆိုရင်
✅ မျက်ခွံရဲ့အစွန်းတွေမှာ ပိုးဝင်ပြီးရောင်လာနိုင်ခြင်း
✅ မျက်တောင်ကျွတ်နာလာခြင်း၊ မျက်စိနာခြင်း၊
✅ မျက်ကြည်လွှာခြောက်ခြင်း၊
✅ မျက်တောင်များပေါ်တွင် မျက်ဝတ်၊ မျက်ချေးများ ကပ်ငြိခြင်း၊
✅ မျက်လုံးများ ဖွင့်ရခက်ခြင်း စတဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။
📌 မျက်စိယားယံခြင်းကို အဓိကဖြစ်စေတဲ့အရာတွေကတော့
◾️ကလိုရင်းခတ်ထားသောရေ၊ မီးခိုး ၊ဖုန်မှုန့် စတဲ့ မသန့်ရှင်းတဲ့ အမှုန်ပွားလေးတွေမျက်လုံးထဲဝင်လာခြင်း
◾️အလှကုန်ပစ္စည်း (သို့မဟုတ်) မျက်စဉ်းတချို့နှင့် ဓာတ်မတည့်ခြင်း
◾️မျက်စိပိုးဝင်ခြင်းနှင့် မျက်စိနာသူတွေမှာ ဖြစ်နိုင်ပါတယ်။
◾️မျက်ကပ်မှန်သုံးသူတွေမှာ ပိုဖြစ်လေ့ရှိပြီးတော့ ဦးရေပြားဗောက်ထသူတွေမှာလည်း ဖြစ်လာနိုင်ပါတယ်ခင်ဗျာ။
📌 မိမိကိုယ်တိုင် ကာကွယ်လို့ရမယ့်နည်းလမ်းတချို့ကိုလည်း ပြောပြပေးလိုက်ပါတယ်ခင်ဗျာ။
♦️ မျက်လုံးထဲမှာ ဖုန်မှုန့် သို့မဟုတ် ညစ်ပတ်သောရေများ ဝင်လာပါက ရေသန့်ဖြင့် ချက်ချင်းဆေးကြောပါ။
♦️ ညစ်ပတ်သောလက်ဖြင့် မျက်လုံးကို ပွတ်ခြင်းမှ ရှောင်ရှားပါ။
♦️ အင်းဆက်ပိုးမွှားများ သင့်မျက်လုံးကို မကိုက်မိစေရန် ဂရုစိုက်ပါ။
♦️ ပန်းရောင်သန်းနေသော မျက်လုံးရှိသူများနှင့် ထိတွေ့ခြင်း မလုပ်ပါနှင့်။
♦️ ရောဂါပြန့်ပွားမှုကိုဖြစ်စေသော ပစ္စည်းများအတူသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
ဒီလောက်ဆိုရင် မျက်စိယားယံခြင်းနဲ့ပတ်သက်ပြီး ဗဟုသုတတချို့ရသွားမယ်လို့ မျှော်လင့်ပါတယ်။နောက်ပိုင်းမှာလည်း ဒီလိုမျိုး မျက်စိကျန်းမာရေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို မျှဝေပေးသွားမှာမို့ Page လေးကို စောင့်ကြည့်နေဖို့ မမေ့နဲ့နော်….🧡😍
🏨- ရွှေအလင်းရောင် (ရိုတို)ဂျပန် မျက်စိအထူးကုစင်တာ
၆၂လမ်း နှင့် ၁၀၂လမ်း (ပိတောက်လမ်း)ထောင့်၊
မြိုသစ်(၁)ရပ်ကွက်၊ချမ်းမြသာစည်မြိုနယ်၊မန္တလေးမြို။
☎️ – 09-424118808, 09-766566815
09-944458885 , 09-944468886
မျက်စိကျန်းမာရေးဆိုတာ ချက်ချင်းဆိုးရွားလာတာမဟုတ်ဘဲ တဖြည်းဖြည်းနဲ့မှ ပိုဆိုးလာတာမျိုးပါ…
မန္တလေးမြို့မှာ မျက်လုံးခွဲစိတ်ကုသဖို့အတွက် ယုံ ကြည်စိတ်ချ ရတဲ့မျက်စိဆေးရုံ ရှာနေပါသလား ❓
📌 ခန္ဓာကိုယ်ရဲ့ အနုနယ်ဆုံးအပိုင်းဖြစ်တဲ့မျက်လုံးကို ခွဲစိတ်ကုသတော့မယ်ဆိုရင်
ခွဲစိတ်ခန်းမှာသုံးမယ့်ပစ္စည်းတွေက သေချာပိုးသတ်သန့်စင်ထားရဲ့လား ?
ခွဲစိတ်မှုတိုင်းက တိကျမှန်ကန်ရဲ့လား ?
မျက်စိဆရာဝန်တွေကရော အပြည့်အဝယုံကြည်စိတ်ချရရဲ့လား ? ဆိုတာ
ခွဲစိတ်ရမယ့်သူတိုင်း စိုးရိမ်ကြမယ်လို့ ထင်ပါတယ်။
🔶 ရွှေအလင်းရောင်(ရိုတို) မှာဆိုရင် သေချာနားလည်တတ်ကျွမ်းတဲ့ မျက်စိအထူးကုဆရာဝန်ကြီးကိုယ်တိုင်
🔸 ရာနှုန်းပြည့်သန့်စင်ထားတဲ့ ခွဲစိတ်ခန်းတွေမှာ ဂျာမနီနိုင်ငံထုတ် နောက်ဆုံးပေါ် Zeiss စက်ကြီးများဖြင့် ခွဲစိတ်ကုသမှုပေးနေပါတယ်ခင်ဗျာ။
💯 စေတနာရှေ့ထားပြီး ကုသစောင့်ရှောက်ပေးနေတာမို့ ခွဲစိတ်ခြင်းမှာသာမကဘဲ မျက်စိရောဂါမှန်သမျှကို ရွှေအလင်းရောင်(ရိုတို) မှာ ရာနှုန်းပြည့်ယုံကြည်စိတ်ချစွာလို့ရပါတယ်ခင်ဗျာ..🧡
🏨- ရွှေအလင်းရောင် (ရိုတို)ဂျပန် မျက်စိအထူးကုစင်တာ
၆၂လမ်း နှင့် ၁၀၂လမ်း (ပိတောက်လမ်း)ထောင့်၊
မြိုသစ်(၁)ရပ်ကွက်၊ချမ်းမြသာစည်မြိုနယ်၊မန္တလေးမြို။
☎️ – 09-424118808, 09-766566815
09-944458885 , 09-944468886
#ရွှေအလင်းရောင်ရိုတိုဂျပန်_မျက်စိအထူးကုစင်တာ